The Ladies and Light Photo Art Exhibition 2019

Exhibition Dates : Tuesday, July 12th to 14th, 2019

Exhibition Hours : 10 A.M. to 5 P.M.
Venue : The Yangon Gallery at People’s Park Compound, Near the Planetarium Museum, Alone Road, Yangon.

You are cordially invited to “The Ladies and Light Photo Art Exhibition 2019″, which is on 12th July 2019.
အမျိုးသမီးဓါတ်ပုံဝါသနာရှင် (၄၆ )ယောက် စုပေါင်းပြီး ပြသတဲ့ တတိယအကြိမ်မြောက် The Ladies and Light Photo Art Exhibition 2019 ဓာတ်ပုံပြပွဲကြီးကို The Yangon Gallery မှာ မကြာမီကျင်းပပြုလုပ်ပါမည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ မနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ပြသ ရောင်းချသွားမှာဖြစ်ပါသည်။

အထူးအစီအစဉ်အနေဖြစ် ဓါတ်ပုံဝါသနာပါသူများအတွက် ဗဟုသုတရစေရန် ရည်ရွယ်ပြီး

၁။ ဆရာ ဦးကျော်ကျော်ဝင်း
Fujifilm Myanmar (X photographer) မှ
သဘာဝကျသော ဓါတ်ပုံများကို ဖန်တီး တင်ပြသွားမှာဖြစ်ပြီး။

၂။ ဆရာဦးဇော်မင်း (G.T.S) မှ
ဓါတ်ပုံကောင်းတပုံရဖို့သဘာဝအလင်းမရလျှင် သဘာဝမဟုတ်သော အလင်းများမည်သို့မည်ပုံဖန်တီးမည်ဆိုသည်ကို Sharing လုပ်ပေးမှာ ဖြစ်ပြီး။

၃။ ဆရာမစောသဉ္ဇာထိုက် မှ
ယခုခေတ် Digital Camera များဖြစ်သည့်အားလျော်စွာ ဓါတ်ပုံရိုက်ပြီးသည့်အခါ Digital နည်းပညာများဖြင့် Editing/Retouching များကိုဆွေးနွေးသင်ပြသွားမှာ ဖြစ်ပါတယ်။

ဓါတ်ပုံရိုက်ရန်ဝါသနာပါသူများအနေဖြင့်လည်း တောရွာဓလေ့ လှပသော Photo Booth များဖြင့် ဆံရစ်ဝိုင်း မိန်းမပျိုလေးများနှင့်အတူ အမှတ်တရ ဓါတ်ပုံများရိုက်ကူးနိုင်ရန် စီစဉ်ပေးထားပါသောကြောင့် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

EVENT GALLERY