Memorable Monsoon Literature Event for Book Lovers

Exhibition Dates : 2nd to 4th September 2016
Reception :  5 p.m. on 27th August
Exhibition Hours : 10 a.m to 6 p.m
Venue : The Yangon Gallery at People’s Park Compound, Near the Planetarium Museum, Alone Road, Yangon.

The Yangon Gallery မှ ကျင်းပပြုလုပ်လျှက်ရှိသည့် ၂၀၁၆ မုတ်သုန်ရာသီအနုပညာပြပွဲများ၏ အစီစဉ်တစ်ခုအနေနှင့် “စာပေချစ်သူများသို့ အမှတ်တရ မုတ်သုန်စာပေပွဲတော်” အစီအစဉ်ကို ၂.၉.၂၀၁၆ မှ ၄.၉.၂၀၁၆ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ၂.၉.၂၀၁၆ ရက်နေ့ နေ့လည် (၂း၃၀) တွင် ဒီဇိုင်းကိုမျိုးဆွေသန်း မှ “ပုဂံတန်ဖိုးနှင့် ပုဂံကို ထိန်းသိန်းရန် နိုင်ငံသားတို့၏ တာဝန်” ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်ပါသည်။ ၃.၉.၂၀၁၆ ရက်နေ့ နံနက် (၁၀း၃၀) တွင် ဆရာဦးဝင်းမောင်(တပ္ပဝတီ) မှ “ရှေးဟောင်းယဉ်ကျေးမှုများမှ အနုပညာကို ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်ပြီး ၃.၉.၂၀၁၆ ရက်နေ့ နေ့လည် (၂း၃၀) တွင် ဆရာချစ်ဦးညို မှ “သမိုင်းနှင့် နောက်ခံဝတ္တု” ခေါင်းစဉ်ဖြင့် ဟောပြောမည် ဖြစ်ပါသည်။ ၄.၉.၂၀၁၆ ရက်နေ့ နံနက် (၁၀း၃၀) တွင် ဆရာကြီးမောင်မောင်ခင်(ဓနုဖြူ) မှ “အလေးထားဖွယ် မြန်မာစာ အရေးအသား” ခေါင်းစဉ်ဖြင့် ဟောပြောမည် ဖြစ်ပါသည်။ စာပေချစ်သူမိတ်ဆွေများ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။